ဧငြိမ်းဖြူရဲ့ဖေ့စ်ဘွတ် အကောင့်အဟက်ခံရလို့စိတ်မကောင်းဖြစ်နေတဲ့ ရဲရင့်အောင်


ရဲရင့်အောင်က ချစ်သူကောင်မလေး ဧငြိမ်းဖြူရဲ့ ဖေ့စ်ဘွတ်အကောင့်အဟက်ခံလိုက်ရလို့ စိတ်မကောင်းဖြစ်နေပါတယ်။ ဧငြိမ်းဖြူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာလည်း “hello fri 400 လောက် confirm လုပ်ပေးပါမယ်” ဆိုတဲ့ စာသားကို လွန်ခဲ့တဲ့ နာရီပိုင်းလောက်က တင်ခဲ့ပါတယ်။ အဲ့ဒီပို့စ်ရဲ့ အောက်မှာ တချို့ပရိသတ်တွေက တစ်ကယ် Add ပေးမယ်ထင်ပြီး ဧငြိမ်းဖြူကို Add ခိုင်းကျပေမယ့် တချို့ပရိသတ်တွေကတော့ သူမအကောင့်အဟက်ခံလိုက်ရပြီဆိုတာ သိနေခဲ့ကြပါတယ်။

ရဲရင့်အောင်ကလည်း ချစ်သူကောင်မလေး ဧငြိမ်းဖြူအကောင့်အဟက်ခံထားရတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါသေးတယ်။

“A acc hack ခံထားရပါတယ် ….

တဖက်သား စိတ်ညစ်ရမှ စိတ်ရှုပ်ရမှ

ကိုယ်စိတ်ကျေနပ်မှုရမယ့် အလုပ်မျိုးကို ဘာကြောင့်များ ခုံမင်နေကြတာလည်းဗျာ.” ဆိုပြီး ပြောထားပါသေးတယ်။ဧငြိမ်းဖြူရဲ့ အကောင့်အဟက်ခံရတာကြောင့် သူမရဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

အခုနောက်ပိုင်းမှာ အနုပညာရှင်များရဲ့ ဖေ့စ်ဘွတ်အကောင့်တွေ တေ်ာတော်များများ အဟက်ခံရတာတွေ ကြုံခဲ့ရပါတယ်။ လူငယ်အဆိုတော် ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ နှစ်ဦးကတော့ လူငယ်အနုပညာရှင် နှစ်ဦးဖြစ်ပါတယ်။ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးက ၂၀၁၇ ခုနှစ်သင်္ကြန်အပြီးမှာ ချစ်သူတွေ ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လို့ လာခဲ့ပါတယ်။

ပထမဆုံး ပိုင်းမှာတော့ သူတို့နှစ်ဦးတွဲနေကြတာနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ တော်တော်များများမှာ ငြင်းခဲ့ကြပေမယ့် နောက်ပိုင်းမှာ သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ကြပါတယ်။

ရဲရင့်အောင်ဟာ သရုပ်ဆောင် သဥ္ဇာနွယ်ဝင်းနဲ့ ချစ်သူတွေ ဖြစ်ခဲ့ဖူးသလို သဥ္ဇာနွယ်ဝင်း မင်္ဂလာမဆောင်ခင်မှာလည်း “ဒီလောက်နဲ့ပဲ ကြေနပ်ပါတယ်” ဆိုတဲ့ သီချင်းကို အွန်လိုင်းမှာ ဖြန့်ခဲ့ပါတယ်။ အွန်လိုင်းပေါ် ဖြန့်ပြီး နာရီပိုင်းမှာ အဲ့ဒီသီချင်းဟာလည်း ပေါက်သွားခဲ့ပါတယ်။

အခုတော့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ဟာ ချစ်သူတွေအဖြစ် တရားဝင်တွဲနေကြပြီးတစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ အချစ်ကြိုးတွေ ပိုမိုခိုင်မြဲလို့လာခဲ့ပါပြီ။ အခုဆိုရင်တော့ သူတို့ရဲ့ ချစ်သူသက်တမ်းဟာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

Photo : ဧငြိမ်းဖြူ


Spread the love
  •  
  •  
  •  
  •  
  •  
  •  
  •  

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *