အနုပညာ မောင်နှမတွေနဲ့ မွေးနေ့ညကို ဖြတ်သန်းခဲ့တဲ့ ပိုပို


အဆိုတော် ပိုပိုရဲ့ အသက်(၂၈)နှစ်ပြည့် မွေးနေ့ကို အနုပညာမောင်နှမတွေနဲ့အတူ Pool Party လေးကျင်းပပြုလုပ်ခဲ့ပါတယ်။ သူမရဲ့ မွေးနေ့ပါတီကို လှည်းကူးမှာရှိတဲ့ Sunny Cove Private Getaway Resort မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မွေးနေ့ပါတီမှာ ချစ်ရတဲ့ အနုပညာရှင်မောင်နှမတွေနဲ့အတူ မွေးနေ့ကိတ်ကို ခွဲခဲ့ပြီး မွေးနေ့ညလေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာပါ။ မွေးနေ့ပါတီလေးကို စန္ဒီမြင့်လွင်၊ စိုးပြည့်သဇင်၊ ဆူဇီ၊ တိုင်ရွန်၊ အောင်လေး၊ ညီညီမောင်(စမ်းချောင်း) တို့အပြင် အခြားသော အနုပညာ ရှင်မောင်မနှတွေ လာရောက်ခဲ့ကြပါတယ်။

မေလ(၁၆)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ပိုပိုရဲ့ မွေးနေ့မှာ အလှူအတန်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အဖွားဖြစ်သူရဲ့ ရွာလေးမှာ မွေးနေ့အလှူလေး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီရွာလေးမှာ ရှိတဲ့ သံဃာတော်တွေအတွက် လိုအပ်သည့် သင်္ကန်းပရိက္ခရာ တို့ကို လှူဒါန်းခဲ့ပြီး ဝတ္ထုငွေများနဲ့ အာရုံဆွမ်း၊ နေ့ဆွမ်းတို့ကို ချစ်တဲ့ ပရိသတ်တွေနဲ့အတူ ဆပ်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ပိုပိုဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူလည်း ဖြစ်ပါတယ်။ နေ့စဉ်သံဃာတော်များအတွက် ဆွမ်းဆပ်ကပ်လှူဒါန်း သလို မကြာခဏဆိုသလိုလည်း အလှူအတန်းတွေပြုလုပ်တက်သူတစ်ဦးလည်း ဖြစ်ပါတယ်။

 

ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။

သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ သူမပါဝင်ထားတဲ့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး ဟာ လည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •  
  •  

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *