လတ်တလော ဖေ့စ်ဘွတ်အကောင့် အဟက်ခံထားရတဲ့ ဆယ်လီများ


အခုလတ်တလောမှာ အနုပညာရှင် တော်တော်များများရဲ့ ဖေ့စ်ဘွတ်အကောင့်တွေ အဟက်ခံနေရပါတယ်။ အဖွဲ့နာမည်မတူတဲ့ ဟက်ကာတွေက အကြောင်းအမျိုးမျိုးနဲ့ အနုပညာရှင်များရဲ့ အကောင့်များကို ခိုးယူနေကြတယ်လို့ သိရပါတယ်။ တချို့ဟက်ကာများက အကောင့်ဟက်ပြီး အလှူခံကြသလို တချို့ဟက်ကာတွေကတော့ ဖေ့စ်ဘွတ် Security Check လုပ်ပေးတယ်လို့ဆိုပြီး အနုပညာရှင်တွေရဲ့ အကောင့်ကို ယာယီသိမ်းပိုက်ခဲ့ကြပါတယ်။

ဒီနေ့(မေလ၁၅ရက်)မှာတင် အနုပညာရှင် ၃ ဦးတောင် ဖေ့စ်ဘွတ်အကောင့်ဟက်ခံလိုက်ရပါတယ်။

မိုးယုစံ

မိုးယုစံက သူရဲ့ ဖေ့စ်ဘွတ်အကောင့်အဟက်ခံလိုက်ရပြီဆိုတဲ့အကြောင်းကို သားဖြစ်သူရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ပရိသတ်တွေကို ပြောပြထားတာ တွေ့ရပါတယ်။ သားဖြစ်သူအတွက် ဖွင့်ပေးထားတဲ့ ကောင်းသိင်္ခမိုးသူဆိုတဲ့ အကောင့်ကနေ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့် အဟက်ခံလိုက်ရပြီဆိုတဲ့အကြောင်းနဲ့ မိုးယုစံရဲ့ အကောင့်မှာ တင်သမျှဟာ သူမမဟုတ်ကြောင်းပြောထားတာတွေ့ရပါတယ်။

“Moe Yu San အကောင့်က ဒီနေ့ကစပီးတင်သမျှ လုပ်သမျှ မိုးယုမဟုတ်ပါ ဘာကြောင့် သူများအကောင့်တွေလိုက်ယူပြီး စိတ်မချမ်းသာ အောင်လုပ်ရတာလားဆိုတာ နားမလည်ပါဘူး သူများပစ္စည်း သူများပိုင်တာမသိအောင်ခိုးယူချင်ဟာ ကံ၅ပါးထဲက အဒိန္နာဒါနာကံထိုက်ပါတယ် ဘာမှလည်းမရှိလို့ ပြန်ပေးစေချင်ပါတယ် အမှတ်တရတွေသိမ်းထားတာဆိုတော့ အကောင့်ကိုပြန်ပေးပါ မဆုံးရှုံးချင်ပါဘူး” လို့လည်း ရေးသားထားပါတယ်။

သူမရဲ့ အကောင့်အဟက်ခံလိုက်ရတာကြောင့် ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ မိုးယုစံကလည်း အမှတ်တရတွေ အများကြီး သိမ်းထားတဲ့ အကောင့်လေးကို ပြန်ပေးပါဆိုပြီး ပြန်တောင်းထားတာ တွေ့ရပါတယ်။

ရွှေမှုံရတီ

ရွှေမှုံရတီအကောင့်လည်း အဟက်ခံထားရတယ်လို့ ယူဆရပါတယ်။ Follower (၇၅)သိန်းကျော် ရှိတဲ့ သူမရဲ့ အကောင့်မှာ မေလ(၁၅) ရက်နေ့မတိုင်ခင်တင်ထားတဲ့ ပို့စ်တွေ အားလုံး မရှိတော့ပါဘူး။ သူမမွေးနေ့မှာ ပြုလုပ်မယ့် အစီအစဉ်တွေ ပြောထားတဲ့ပို့စ်တွေလည်း မရှိတော့ပါဘူး။ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်တာနဲ့ ပထမဆုံး တွေ့ရတဲ့ပို့စ်က Relationship ချိတ်ထားတဲ့ ပို့စ်သာ တွေ့ရတော့ပါတယ်။

သူမရဲ့ ပရိသတ်တွေကတော့ ရွှေမှုံရဲ့ ဖေ့စ်ဘွတ်အကောင့်များ အဟက်ခံထားရပြီးလားဆိုတဲ့ စိတ်နဲ့ စိုးရိမ်နေကြတာလည်း တွေ့ရပါတယ်။

ခင်လှိုင်

ခင်လှိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီနေ့(မေလ၁၅ရက်)မနက်ကမှ အဟက်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်အကောင့်ဟက်တဲ့အချိန်မှာ ဟက်ကာအဖွဲ့ ခင်လှိုင်ဖေ့စ်ဘွတ်ရဲ့ Cover Photo မှာ သူတို့အဖွဲ့ရဲ့ Logo ပုံတင်ခဲ့တာတွေ့ရပါတယ်။ခင်လှိုင် ဖေ့စ်ဘွတ်အကောင့် အဟက်ခံရတာနဲ့ ပတ်သက်ပြီး သမီးဖြစ်သူ သဇင်ထူးမြင့်ရဲ့ အကောင့်မှာ ယခုလို ပြန်ရေးထားတာ တွေ့ရပါတယ်။

“ဖေဖေ့ acc hackခံထားရပါတယ်…ဖေဖေကသူaccကိုအမြဲလည်းမသုံးပါဘူးသူတင်ချင်တာရှိရင်ညီမကိုတင်ခိုင်းတယ် အားရင်NFကြည့်တယ် ခုနောက်ပိုင်းရေအလှူကိစ္စလေးတွေကြောင့်အမြဲလိုလိုပုံတင်ဖြစ်တယ်ဒီလောက်ပါပဲ….ဒီလိုhackခံရတယ်ဆိုတာ ရိုးနေပါပြီ…ညီမဘာအနုပညာအလုပ်မှမလုပ်ပဲအေးဆေးနေတဲ့သူaccလည်းhackတယ် အကုန်လိုက်hackနေကြတော့တာပဲ …..fbကဘဝကြီးမဟုတ်ပါဘူး….ဒီအကောင့်ပျက်လည်းနောက်accထပ်ဖွင့်ရုံပေါ့ညီမဆိုခဏခဏhackခံရလွန်းလို ့ဒါ4ခုမြောက်ပါ….သုံးလို ့ဝသွားရင်လည်းပြန်လာပေးပေါ့နော်…..cbမှာသွားတောင်းရအောင်ဖေဖေလည်းအားဘူး ညီမတို ့လည်းမအားဘူး.” ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •  
  •  

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *