ဖေ့စ်ဘွတ်အကောင့် အဟက်ခံရတာ ရိုးနေပြီလို့ ပြောလိုက်တဲ့ ခင်လှိုင်ရဲ့သမီး


သရုပ်ဆောင် ခင်လှိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီနေ့မနက်(မေလ၁၅ရက်)မှာ အဟက်ခံလိုက်ရပြီလို့ သိရပါတယ်။ ခင်လှိုင်ရဲ့ အကောင့်အဟက်ခံလိုက် ရတာနဲ့ ပတ်သက်ပြီး သမီးဖြစ်သူသဇင်ထူးမြင့်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ယခုလို ပြောထားတာတွေ့ရပါတယ်။

“ဖေဖေ့acc hackခံထားရပါတယ်…ဖေဖေကသူaccကို အမြဲလည်းမသုံးပါဘူး သူတင်ချင်တာရှိရင်ညီမကိုတင်ခိုင်းတယ် အားရင်NFကြည့်တယ် ခုနောက်ပိုင်းရေအလှူကိစ္စလေးတွေကြောင့်အမြဲလိုလိုပုံတင်ဖြစ်တယ်ဒီလောက်ပါပဲ….ဒီလိုhackခံရတယ်ဆိုတာ ရိုးနေပါပြီ…ညီမဘာအနုပညာအလုပ်မှမလုပ်ပဲအေးဆေးနေတဲ့သူaccလည်း hack တယ် အကုန်လိုက် hack နေကြတော့တာပဲ …..fbကဘဝကြီး မဟုတ်ပါဘူး….ဒီအကောင့်ပျက်လည်းနောက် accထပ်ဖွင့်ရုံပေါ့ညီမဆိုခဏခဏ hack ခံရလွန်းလို ့ဒါ4ခုမြောက်ပါ….သုံးလို ့ဝသွားရင်လည်းပြန်လာပေးပေါ့နော်…..cbမှာသွားတောင်းရအောင်ဖေဖေလည်းအားဘူး ညီမတို ့လည်းမအားဘူးဆိုပြီး ရေးထားတာ တွေ့ရပါတယ်။

အဟက်ခံလိုက်ရတဲ့ ခင်လှိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာလည်း ခင်လှိုင်ရဲ့ ပရိသတ်တွေက ဒေါသဖြစ်နေကြသလို ခင်လှိုင်အကောင့်ကို ပြန်ပေးဖို့ တောင်းဆိုထားကြတာလည်း တွေ့ရပါတယ်။အခုချိန်မှာတော့ အနုပညာရှင်တချို့ရဲ့ ဖေ့စ်ဘွတ်အကောင့်တွေ တော်တော်များများ နည်းမျိုးစုံနဲ့ အဟက်ခံနေရတာတွေ့ရပါတယ်။

ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။

အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက်ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo : သဇင်ထူးမြင့် FB


Spread the love
  •  
  •  
  •  
  •  
  •  
  •  
  •  

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *