ဖေ့စ်ဘွတ်အကောင့်အတုတွေကြောင့် စိတ်အနှောက်ယှက်ဖြစ်နေတဲ့ ဝေဠုကျော်


ပရဟိတအလုပ်တွေနဲ့ မအားမလပ်ဖြစ်နေတဲ့ ဝေဠုကျော်တစ်ယောက် ဖေ့စ်ဘွတ်အကောင့်အတုတွေကြောင့် စိတ်အနှောက် အယှက်ဖြစ်လို့နေပါတယ်။ သူ့နာမည်ကို အသုံးပြုပြီး ဖေ့စ်ဘွတ်အကောင့်တွေ ပေ့ချ်တွေ ဖွင့်ကာ နိုင်ငံရေး၊ လူမျိုး၊ ဘာသာရေး၊ ငြိမ်းချမ်းရေး၊ ပညာရေးတို့ကို ဝေဖန်ခြင်း သုံးသပ်ခြင်းများ လုပ်နေတာကြောင့် သူ့အတွက် စိတ်အနှောက်အယှက်ဖြစ်စေပါတယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ပြောထားပါတယ်။

“#ဝေဠုကျော် မှ ဝေဠုကျော် Wai Lu Kyaw များသို့ တောင်းပန်အပ်ပါတယ်။ယ္ခု Share ထားတဲ့ page ကို ကိုင်တွယ်သုံးစွဲနေတဲ့ဝေဠုကျော် အစစ် မဟုတ်တဲ့သူခင်ဗျာ ကျွန်တော် ဝေဠုကျော်မှ တောင်းပန်ပါရစေ။ မိတ်ဆွေလုပ်နေ တင်နေတာတွေက ကျွန်တော့အတွက် စိတ်အနှောက်ယှက်ဖြစ်စေပါတယ် ။ ကျွန်တော်က မည်သည့် နိုင်ငံရေး လူမျိုးရေး ဘာသာရေး ပညာရေး စသည်တို့ကို ဝေဖန်ခြင်း သုံးသပ်ခြင်းများ ပြုလုပ်လေ့မရှိပါ ။လူမှု့ ဒုက္ခတွေကိုသာ ကူညီသည့် အလုပ်ကိုဘဲ လုပ်ပါတယ် ။ဒါကြောင့် မိတ်ဆွေလုပ်နေတာတွေဟာ ကျွန်တော့အတွက် စိတ်အနှောက်ယှက်ဖြစ်စေတဲ့အတွက်ရပ်တန့်ပေးပါရန် တောင်းပန်ပါတယ် ။ကျွန်တော်အတတ်နိုင်ဆုံး ကောင်းအောင်လုပ်နေတာတောင် အပြောဆိုခံ အဆဲခံနေရတဲ့ ဘဝက မလွတ်သေးပါ ။မိတ်ဆွေတို့ကပါ အခုလိုမျိုးတွေ လျှောက်တင်တော့ ပိုဆိုးမှာပေါ့ ဗျာ မိတ်ဆွေ တင်ခြင်ရာဆက် တင်နေမယ်ဆိုရင်တော့ page နာမည် ဓာတ်ပုံ တိုကိုပြောင်းပေးစေခြင်ပါတယ် အနူးညွတ်တောင်းပန်ပါတယ် ။ ” ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

ဝေဠုကျော် နာမည်နဲ့ အသုံးပြုနေတဲ့ အခြားသော ဖေ့စ်ဘွတ်အကောင့်တွေ ပေ့ချ်တွေကိုလည်း သူ့နာမည်နဲ့ အလှူခံခြင်း၊ မဖွယ်မရာ တင်ခြင်း၊ Like & Share လုပ်ခိုင်းခြင်းတို့ကို ရပ်တန့်ပေးဖို့အတွက် ဝေဠုကျော်က အနူးအညွှတ်တောင်းပန်ထားပါသေးတယ်။

“အခြားသော ဝေဠုကျော် Wai Lu Kyaw နာမည်နှင့် ကျွန်တော့ပုံ သုံးထားသော Page နှင့် Acc များမှာလည်း မဖွယ်မရာတင်ခြင်း ၊ အလှူခံခြင်း ၊ ကျွန်တော့ကို Like လုပ်ပါအုံး share လုပ်ပါအုံးဆိုသည့် ကလေးကလား ဆန်စွာ ပြုလုပ်နေခြင်းများကို ရပ်တန့်ပေးပါရန် အနူးညွတ်တောင်းပန်ပါတယ် ။”ဆိုပြီး ဆက်လက်ပြောထားပါတယ်။

ဝေဠုကျော်ဟာ လက်ရှိမှာ နာဂဒေသသို့ ရောက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်လာရင် ဘယ် တော့မှ လက်မနှေးတဲ့ ဝေဠုကျော်ဟာ ပရိသတ်တွေရဲ့ အချစ်တော် ပရဟိတမင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှုအကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က တော့ အနုပညာအလုပ်တွေသာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

ရခိုင်အရေးကိစ္စမှာလည်း ပါဝင်လှုပ်ရှားခဲ့သလို ယခုထက်တိုင် မောင်တောဘက်မှာ လိုအပ်တာတွေကို ကူညီလုပ်ကိုင် ပေးလျက်ရှိပါ တယ်။ ထို့အပြင် ၂၀၁၆ ခုနှစ်ရဲ့ တစ်နှစ်တာအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘေး၊မီးဘေး၊ရေဘေး၊မြေပြိုမှုတွေမှာ အလျင်အမြန်အကူ အညီပေးနိုင်သူ တစ်ဦးဖြစ်တဲ့ ဝေဠုကျော်ကတော့ 7Day News Journal ရဲ့ သူရဲကောင်းဆုကို ရရှိခဲ့ပါတယ်။

၂၀၁၇ခုနှစ် ဒီဇင်ဘာ(၁၅) ရက်နေ့ကလည်း ဝေဠုကျော်ဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် ရခိုင်ဂုဏ်ဆောင်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ပရဟိတလုပ်ငန်းများကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်နေတဲ့ ဝေဠုကျော်နဲ့ သူတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းကတော့ အခက်အခဲတွေ့နေသူပြည်သူများအတွက် အားဆေးတစ်ခွက်လို့ဆိုရမှာပါ။

Photo : ဝေဠုကျော်


Spread the love
  •  
  •  
  •  
  •  
  •  
  •  
  •  

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *