စိတ်ဒုက္ခလာမပေးကြပါနဲ့လို့ ဟက်ကာတွေကို မေတ္တာရပ်ခံလိုက်တဲ့ အမရာငြိမ်း


အနုပညာရှင်တွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကတော့ အခုတလောမှ ခဏခဏခိုးယူခြင်းခံနေရတာကို တွေ့ရပါတယ်။ အခုလည်း အလှမယ် အမရာငြိမ်းရဲ့ ဖေ့စ်ဘွတ်အကောင့်ကိုလည်း Hack နေတယ်လို့ သိရပါတယ်။

”Facebook ကို ညဘက်တွေဆိုတောက်လျှောက် Hackနေတယ်၊ ခုထိတော့မပါသေးဘူး။ ဘယ်လိုဖြစ်ရတာလဲကွယ် ယူတို့ရယ်။
ပွဲပြီးကာမှ hack ချင် hack ဟယ် အခုတော့ စိတ်ဒုက္ခလာမပေးကြစမ်းပါနဲ့မေတ္တာရပ်ခံတာပါ” ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ် အကောင့်ကနေ ရေးတင်ခဲ့ပါတယ်။

လတ်တလောမှာ အနုပညာရှင်တိုင်းအလိုလိုရဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ခိုးယူခြင်းခံနေရတယ်လို့ သိရပါတယ်။ ဟက်ကာတွေ အနေနဲ့ အကောင့်ဟက်ပြီး အလှူခံကြသလို တချို့ဟက်ကာတွေကတော့ ဖေ့စ်ဘွတ် Security Check လုပ်ပေးတယ်လို့ဆိုပြီး အနုပညာရှင်တွေရဲ့ အကောင့်ကို ယာယီသိမ်းပိုက်ခဲ့ကြပါတယ်။ မကြာသေးခင်ကမှလည်း သရုပ်ဆောင် မြင့်မြတ်၊ ခင်လှိုင်၊ အိချောပို၊ ရွှေမှုံရတီ၊ မိုးယုစံ နဲ့ ဧငြိမ်းဖြူတို့ရဲ့ အကောင့်တွေလည်း ဟက်ကာတွေရဲ့ ခိုးယူခြင်းခံခဲ့ရပြီး အခုတော့ အကောင့်တွေ ပြန်ရသွားပြီလို့ သိရပါတယ်။

အဲဒါကြောင့် အမရာငြိမ်းလည်း ဘယ်တော့ အကောင့်ဟက်ခ်ခံရမလဲဆိုတဲ့ စိတ်နဲ့ ရင်ပိုပူနေရပုံပါပဲ။

အလှမယ် အမရာငြိမ်းက Miss Myanmar International 2015 ပြိုင်ပွဲကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာ သူဖြစ်ပါတယ်။ သူ့အနေနဲ့ အခုဆိုရင် အလှမယ်ပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင် တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။ အနုပညာ နဲ့ပတ်သက်လို့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေမှာလည်း ရိုက်ကူးနေရတာကို တွေ့ရပါတယ်။

အမရာငြိမ်းဟာ အလှမယ်တစ်ယောက်သာမက ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်နေတဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်တွေ ဖွဲ့စည်းထားတဲ့ Miss Myanmar Charity Group နဲ့ အတူ အမှန်တကယ် အကူညီလိုအပ်နေတဲ့ နေရာတွေ ကို သွားရောက်လှူဒါန်းကြတာတွေလည်း ရှိပါတယ်။

Photo: အမရာငြိမ်းဖေ့စ်ဘွတ်


Spread the love
  •  
  •  
  •  
  •  
  •  
  •  
  •  

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *