ကန်ရေပြင်ကိုကြည့်ရင်း အတွေးနယ်ချဲ့နေတယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း


သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းတစ်ယောက် ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ ဘဝအကြောင်းလေး တွေးဖြစ်ခဲ့တဲ့ စာသားလေးကို အခုလို ရေးသားခဲ့ပါတယ်။ သူ့ကြောင့်လည်း ချစ်ရတဲ့သူတွေ မျက်နှာမငယ်ခဲ့ရဘူး၊ သူ့အတွက် နောင်တဆိုတာလည်း ဘဝမှာ နည်းခဲ့တယ်လို့ဆိုပါတယ်။

” ဘဝကြီးမှာ၂၃နှစ်လောက်ကိုစာတွေကျက်ပီးဖြတ်သန်းခဲ့တယ်။ အဲဒါပြီးတော့အနုပညာအလုပ်တွေလုပ်ခဲ့တယ်။ ရှေ့ဆက်ပြီးဘဝ ကြီးမှာဘာတွေဖြစ်ဦးမလဲလို့တော့ကြိုမသိနိုင်ပေမယ့်ကိုယ်လုပ်ခဲ့တဲ့ကိစ္စတွေအတွက်ကျေနပ်တယ်။ကိုယ့်ကြောင့်ကိုယ်ချစ်ရတဲ့သူတွေ တစ်ချက်တောင်စိတ်မဆင်းရဲခဲ့ရဘူး။ကိုယ့်ကြောင့်သူတို့မျက်နှာမငယ်ခဲ့ရဘူး။အဲ့ဒါကြောင့်နောင်တဆိုတာဘဝမှာနည်းခဲ့တယ်။ဒါပေမယ့်အဲ့လိုစိုးရိမ်

စိတ်တွေများလို့ဘဝမှာတွန့်ဆုတ်တွန့်ဆုတ်ဖြစ်ပီးနှောင့်နှေးမှုတွေလဲရှိပြန်တယ်။ ဘယ်အရာမဆိုအကောင်းနဲ့အဆိုး အမြဲဒွန်တွဲနေတတ်တယ် ဆိုတာသတိရပြီးကိုယ်ဘာကိုလိုချင်လဲဆိုတာရွေးချယ်ဆုံးဖြတ်တတ်ဖို့ပဲလိုတယ်လို့သုံးသပ်မိတယ်။ ကန်ရေပြင်ကိုကြည့်ရင်းအဲ့လိုပဲအတွေးတွေနယ်ချဲ့မိခဲ့တယ်” ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးခဲ့ပါတယ်။

နန်းမြတ်ဖြိုးသင်းဟာ အခုလက်တလောမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာကို တွေ့ရတတ်ပြီး ခင်ပွန်းဖြစ်သူနဲ့ အတူ ခရီးတွေလည်း ထွက်ဖြစ်နေတာကို တွေ့ရပါတယ်။ အိမ်ထောင်ပြုပြီးသွားလည်း အနုပညာအလုပ်တွေဆက်တိုက်လုပ်ဖြစ်နေတဲ့ နန်းမြတ်ကို သူ့ရဲ့ ပရိသတ်တွေက အချစ်မလျှော့တဲ့ အပြင် ပိုလို့တောင်ချစ်လာကြာတာကို တွေ့ရပါတယ်။

သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းကိုတော့ အီဖေကိုတို့ရွေးကောက်ပွဲဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ အီဖေကိုတို့ရွေးကောက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြီးတဲ့နောက် နောက်ထပ်ရုပ်ရှင်ဇာတ်ကားတွေ အများ ကြီး ရိုက်ကူးခွင့်ရခဲ့သလို ပရိသတ်တွေရဲ့ အချစ်များစွာကိုလည်း ယနေ့အထိတိုင် ပိုင်ဆိုင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo: နန်းမြတ်ဖြိုးသင်းဖေ့စ်ဘွတ်


Spread the love
  •  
  •  
  •  
  •  
  •  
  •  
  •  

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *